ရန်ကုန် အိုင်စီတီပြပွဲကို ကွန်ပြူတာအရောင်းပွဲဟု ပြပွဲလာသူများယူဆ

NEJ/ ၅ နိုဝင်ဘာ ၂၀၀၈

ရန်ကုန်မြို့ ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် ယခုလ (၂) ရက်၌ ပြီးစီးသွားသည့် အိုင်စီတီပြပွဲတွင် နည်းပညာနှင့်ပတ်သက်သည်များကို မတွေ့ရဘဲ လက်ဖ်တော့အရောင်းဆိုင်များသာ များပြားလာကြောင်း ကွန်ပျုတာပညာရှင် လူငယ်တဦးကပြောသည်။

“ ပြပွဲက အိုင်စီတီပြပွဲလို့ နာမည်တပ်ထားပေမယ့် နည်းပညာနဲ့ပတ်သက်တဲ့ မြန်မာကွန်ပျူတာကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဆော့ဖ်ဝဲတို့၊ ကုန်ပစ္စည်းတို့ကို မတွေ့ရသလာက်ပဲ၊ အားလုံးက နိုင်ငံခြားက တင်သွင်းတဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေချည်းပဲ” ဟု ၎င်းက ပြောသည်။

အိုင်စီတီပြပွဲကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျုတာအသင်းများ၏ (၁၀) နှစ် မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ကုမ္ပဏီ (၆၅) ခုက ပြခန်းပေါင်း (၁၅၆) ခန်း ခင်းကျင်းပြသထားသည်။

အဆိုပါ ပြခန်းများအနက် Sony, Toshiba, MSI, HP, Acer, Dell, Compaq, NEC စသည့်အမှတ်တံဆိပ် မြန်မာနိုင်ငံအရောင်းကိုယ်စားလှယ်များက ဖွင့်လှစ်ရောင်းချသည့် လက်ဖ်တော့ အရောင်းပြခန်းများက အများဆုံးဖြစ်သည်။

ပြီးခဲ့သည့်အောက်တိုဘာ (၃၁) ရက်မှ စတင်ပြီး (၃) ရက်တာပြုလုပ်ခဲ့သည့် ပြပွဲသို့ လာရောက်ဝယ်ယူသူ ပရိသတ်များဖြင့် စည်ကားနေပြီး အများစုမှာ လူငယ်ပရိသတ်များ ဖြစ်ကြကြောင်း၊ ပြပွဲတွင် ရောင်းချသည့်ပစ္စည်းများသည် မြန်မာပြည်သူများ၏ ၀င်ငွေနှင့် နှိုင်းစာပါက ဈေးကြီးသည်ဟု ဆိုနိုင်သော်လည်း လူအများ ၀ယ်ယူသုံးစွဲကြကြောင်း အိုင်တီပညာရှင်တဦးက ပြောသည်။

၎င်းက“ မြန်မာနိုင်ငံမှာ အိုင်တီအသုံးပြုမှု တွင်ကျယ်ဖို့ဆိုရင် ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းရုံနဲ့ ရမှာမဟုတ်ဘဲ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်မှသာ တိုးတက်မှာဖြစ်တယ်။ အစိုးရက အင်တာနက် သုံးစွဲခွင့်ကို ထိန်းချုပ်ထားပြီး ဈေးကြီးတဲ့နှုန်းထားတွေနဲ့ ရောင်းနေတာ၊ အင်တာနက်မြန်နှုန်းတွေကို အလွန်အမင်း လျှော့ချထားတာတွေဟာ  ပြည်တွင်းအင်တာနက်သုံးစွဲမှုကို ဟန့်တားသလိုဖြစ်ပြီး အိုင်တီကဏ္ဍ တိုးတက်သင့်သလောက် မတိုးတက်ဘူး” ဟုပြောသည်။

အဆိုပါပြပွဲတွင် အစိုးရထံမှ ကန်ထရိုက်ယူပြီး တဆင့်ခံရောင်းချသည့် ကုမ္ပဏီများက ၀ိုင်မက်စ်အင်တာနက်စနစ်နှင့် အိုင်ပီစတား အင်တာနက်စနစ်များကို ရောင်းချကြသည်။

ဝိုင်မက်စ် အင်တာနက်စနစ်သည် ၀ိုင်းဖိုင်စနစ်နှင့် နေအိမ်နှင့်ရုံးခန်းများတွင် အင်တာနက်သုံးစွဲနိုင်စေရန် တပ်ဆင်ပေးခြင်းဖြစ်သည်။ ယင်းစနစ် တပ်ဆင်လိုသူများသည် အက်ဖ်အီးစီနှင့် ဒေါ်လာ (၂၀၀၀) ကျော် ပေးသွင်းရကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အခြားမြို့နယ်ကျေးရွာများတွင် အင်တာနက်တပ်ဆင်လိုပါက အိုင်ပီစတား အင်တာနက်လိုင်းကို အသုံးပြုရပြီး တပ်ဆင်မည့် စလောင်းအရွယ်အစားကို လိုက်၍ ကျပ် (၅၄) သိန်းမှ (၇၄) သိန်းအထိ ပေးရကြောင်း၊ ယခုရောင်းချနေသည့် အင်တာနက်စနစ် အသုံးပြုလိုသူများအနေဖြင့် နိုင်ငံရေးပါတီများနှင့် ပတ်သက်မှု ကင်းရှင်းကြောင်းကိုပါ လက်မှတ်ရေးထိုးလျှောက်ထားရကြောင်း ဒေသခံများကပြောသည်။

REF : http://www.newskhitpyaing.co.cc/?p=969

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s