ကွန်တိန်နာယာဉ် အတွင်း သေဆုံးခဲ့သူများ အတွက် ထိုင်းက လျော်ကြေး ပေးမည်

ကွန်တိန်နာယာဉ် အတွင်း သေဆုံးခဲ့သူများ အတွက် ထိုင်းက လျော်ကြေး ပေးမည်

1/Oct/2008

ယခုနှစ်ဧပြီလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့အနီးတွင် ဖြစ်ပွားခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်အ ကိုင်ရှာဖွေသူများ၏မတော်တဆမှုဖြစ်စဉ်၌ သေဆုံးခဲ့သူများအတွက်လျော်ကြေးငွေကိုထိုင်းနိုင်ငံရှိအာမခံကုမ္ပဏီမှ အမွေဆက်ခံသူများအား ထုတ်ပေးမည်ဖြစ်ရာကနဦးနစ်နာကြေးငွေ တစ်ဦးလျှင် ဘတ်ငွေ၃၅၀၀၀စီထုတ်ပေးမည်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရနောင်မြို့အနီးတွင် ဧပြီ ၉ ရက်ကဖြစ်ပွားခဲ့သော ရွှေ့ပြောင်းအလုပ်အကိုင်ရှာဖွေသူများစီးနင်းလိုက်ပါသည့် အလုံပိတ် အအေးခန်းကွန်တိန်
နာယာဉ်တွင်စီးနင်းလိုက်ပါလာသူများအနက် အသက်ရှုမွန်းကြပ်၍ သေဆုံးသူ၅၄ ဦးရှိရာ ၄င်းတို့ အတွက် အမွေ ဆက်ခံသူ ၄၁ဦးသည် ကော့သောင်းမြို့သို့ ယခုလ ၁၅ ရက်နေ့က အရောက် သွားကြရမည်ဖြစ်ပြီး ထိုင်း နိုင်ငံ၊ ရနောင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ထိုင်းရှေ့နေများ ကောင်စီမှ တာဝန်ယူကာ နစ်နာကြေးငွေများထုတ်ပေးမည်ဖြစ် ကြောင်းသိရသည်။ သေဆုံးသူများအတွက် လျော်ကြေးငွေထုတ်ယူမည့် အမွေဆက်ခံသူများ ကောသော့င်းသို့သွား ရောက်ရေးအတွက် အစိုးရဌာနများ၊ အင်န်ဂျီအိုများပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။ ရွှေ့ပြောင်းအလုပ်အကိုင်ရှာဖွေရန် သွားရောက်ကြသူ ယောက်ျား၊ မိန်းမ၊ ကလေး ၁၂၀တို့သည် အလုံပိတ် အအေးခန်းကွန် တိန်နာယာဉ်ဖြင့်လိုက်ပါလာစဉ် ၅၄ဦး သေဆုံး၍ ၆၆ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရသည်။အဆိုပါအသက်
ရှိကျန်ရစ်သူများအာ မိမိနိုင်ငံဘက်သို့ အမြန်ဆုံးလွဲပြောင်းပေးအပ်ပြီးနောက် ကော့သောင်းမြို့ရှိ ယာယီဆောင့်ရှောက်ရေးဂေဟာ၌ထားရှိကာ ၄င်းတို့နေရပ်အသီးသီးရှိ မိဘ/အုပ်ထိန်းသူ များထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ ကြောင်း ၂၀၀၈ခုနှစ် အောက်တိုဘာလ ၂ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

Leave a comment