ရန်ကုန်မြို့တွင် ညပိုင်းလမ်းများပိတ်ဆို့ကာ စစ်ရေးလေ့ကျင့်မှုများရှိနေ

ရန်ကုန်မြို့တွင် ညပိုင်းလမ်းများပိတ်ဆို့ကာ စစ်ရေးလေ့ကျင့်မှုများရှိနေ

အောင်ပ။ 2008၊ စက်တင်ဘာလ (16) ရက်

ရန်ကုန်မြို့၏ Downtown စာရင်းဝင် အချို့မြို့နယ်များတွင် နအဖစစ်တပ်များ လမ်းများပိတ်ဆိုကာ စစ်ရေးလေ့ကျင့်မှုများရှိနေတယ်လို့ ရန်ကုန်မြို့ခံ ဓာတ်ပုံဆရာတစ်ဦးက MHT ကိုပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုများနှင့်ပတ်သက်ပြီး ကိုယ်တိုင်ဓာတ်ပုံရိုက်ကူးရန်ကြိုးစားခဲ့သူ ထိုပုဂ္ဂိုလ်မှဆက်လက်ပြောကြားရာတွင် ”မြို့ထဲမှာဆိုရင်တော့ မနေ့ညက ဗိုလ်မြတ်ထွန်းလမ်းတစ်လမ်းလုံးကို ည (၁၂) နာရီလောက်ကစပိတ်ပြီး စစ်တပ်ပိုင်မော်တော်ယဉ်များစွာအတွင်းမှ စစ်သားများမှ မြို့ပြစစ်ပွဲတစ်ပွဲဖြစ်ပွားလာပါက ခုခံတိုက်ခိုက်နိုင်ရန် စစ်ရေးလေ့ကျင့်တဲ့ပုံစံတွေနဲ့ အာရုံတက် (၃) နာရီလောက်အထိ တစ်ညလုံး လေ့ကျင့်နေကြတာကိုတွေ့ရတယ်။ အဲ့ဒါကို ဓာတ်ပုံရိုက်ဖို့ ကျွန်တော်ကြိုစားတော့ ညပိုင်းကလည်းအရမ်းမှောင်နေတယ်။ ပြီးတော့ Flash မီးရောင်ကိုမြင်သွားပြီး ကျွန်တော်ကို ပြသနာရှာမှာစိုးရိမ်တဲ့အတွက် ကျွန်တော်မရိုက်လိုက်ရပါဘူး။ လျှပ်တစ်ပြက်ဂျာနယ်ကတော့ အဲ့ဒီစစ်ရေးလေ့ကျင့်နေတဲ့နေရာအနီးအနာကိုလာပြီး ဓာတ်ပုံရိုက်လို့ရအောင်ကြိုးစားနေတာကို ကျွန်တော်မြင်လိုက်ရတယ်။ သူတို့လည်း ဓာတ်ပုံရိုက်ကူးခွင့်မရကြပါဘူး။ နောက်ဆုံးပြန်သွားကြတယ်” လို့ ဆိုပါတယ်။

ရန်ကုန်မြို့တစ်မြို့ အခြားမြို့နယ်တွေဖြစ်တဲ့ အလုံ၊ ကြည့်မြင်တိုင်စတဲ့မြို့နယ်တွေမှာလည်း အလားတူအဖြစ်အပျက်မျိုးတွေ ညစဉ်ညတိုင်းလိုလို နယ်ခံတွေကြုံတွေနေရပြီး အိပ်ရေးပျက်မှုများရှိနေတယ်လို့သိရပါတယ်။ ဒီအကြောင်းကိုတော့ အခြားရန်ကုန်မြို့ခံတစ်ဦးမှဆိုရာတွင် “ညတိုင်ညတိုင်ဆိုဗျာ။ ကောင်းကောင်းအိပ်လို့ကိုမရဘူး။ မော်တော်ကားသံတွေ စစ်ဖိနပ်သံတွေနဲ့ တစ်ညလုံးပဲ။ ကိုယ့်ကိုလာဖမ်းတာလားလို့တောင် ထင်ရတယ်။ ခင်မင်နေတဲ့ ရယကအဖွဲ့ဝင်တွေကတော့ ဘာပြသနာမှရှိတဲ့အကြောင်းပြောပေမယ့် ကြောက်မိတာပေါ့ဗျာ။ ကျွန်တော်တို့ဘ၀က ဒီလိုပါပဲ ကျီးလန့်စာစားပေါ့ဗျာ။” ဟု ဆိုသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s