စာရေးဆရာတာရာမင်းဝေ နှစ်ပတ်လည်ဆွမ်းကြွေး နေအိမ်တွင်သာကျင်းပ

စာရေးဆရာတာရာမင်းဝေ နှစ်ပတ်လည်ဆွမ်းကြွေး နေအိမ်တွင်သာကျင်းပ

မြန်မာ့စာပေလောက၏ မောဒန်စာပေကို စတင်ခဲ့သူဟု တင်စားခေါ်ဆိုလောက်သည့် စာရေးဆရာတာရာမင်းဝေ ကွယ်လွန်ခဲ့သည်မှာ ယခုနှစ် သြဂုတ်လဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သို့သော် ဆရာတာရာမင်းဝေကွယ်လွန်ခြင်း နှစ်ပတ်လည်အခမ်းအနားနှင့် အောင့်မေ့ဖွယ်တို့ကို မြန်မာ့စာနယ်ဇင်းလောကတွင် ထုတ်ဝေသမျှ မည့်သည့် ဂျာနယ်မဂဇင်းတွင်မှ ဖော်ပြပါရှိခြင်းမရှိခဲ့ပဲ နှစ်ပတ်လည်မှာ ပြီးခဲ့ရပေသည်။ သို့သော် ဆရာတာရာမင်းဝေ၏ မိဘများနေအိမ်တည်ရှိသည့် ဒဂုံမြောက်ပိုင်းမြို့နယ်၊ (၄၈) ရပ်ကွက်၊ ပီမိုးနင်း (၁) လမ်းမှာတော့ တစ်နှစ်ပြည့်နှစ်ပတ်လည် ဆွမ်းကြွေးကို သူကွယ်လွန်ခဲ့သည့် သြဂုတ်လ (၅) ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ဆွမ်းကြွေးအလှူသို့ မည်သည့်ပြည်တွင်းသတင်းမီဒီယာကမှ သတင်းလာရောက်ယူခြင်းမရှိပဲ စာပေသမားအချို့သာ တက်ရောက်ခဲ့ကြပေမယ့် ဆရာတာရာမင်းဝေနှင့်အတူ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားသမဂမှ ပုဂိုလ်အတော်များများ တက်ရောက်ခဲ့ကြတယ်လို့ ထိုပွဲကို သွားရောက်ခဲ့တဲ့ စာပေလောကသားတစ်ဦးက MHT သို့ ပြောသည်။

နှစ်ပတ်လည်ဆွမ်းကြွေးကျင်းပသည့် သြဂုတ်လ (၅) ရက်နေ့တွင်မူ နေအိမ်တည်ရှိရာ ပီမိုးနင်း (၁) လမ်းထိပ်တွင် လုံခြုံရေးအကြောင်းပြကာ ရယက၊ ကြံဖွံ့၊ စွမ်းအားရှင်စသည့် အာဏာပိုင်အဖွဲ့အစည်းများမှ ပုဂိုလ်များ စုရုံးရောက်ရှိနေကြပြီး လာရောက်သူများကို မှတ်တမ်းအဖြစ် ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာများဖြင့် စဉ်ဆက်မပျက်ရိုက်ကူးခဲ့ကြောင်း သိရသည်။

MHT

=====================================================================

ဓာတ်ပုံများကို http://myanmar-chitchat.blogspot.com/2007_07_08_archive.html မှ ကူးယူဖော်ပြသည်။

=====================================================================

စာရေးဆရာ ၊ ကဗျာဆရာ ၊ တာရာမင်းဝေ၏ တစ်နှစ်ပြည့်ပွဲကျင်းပ

စာရေးဆရာ ၊ ကဗျာဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို မြောက်ဒဂုံ ၊ ပီမိုးနင်းလမ်းရှိ ၄င်း၏နေအိမ်၌ ယခုလ ၅ ရက်က ကျင်းပသွားခဲ့ကြောင်း သိရသည် ။
ဆရာတာရာမင်းဝေ၏ ပွဲသို့ 88 မျိုးဆက်ကျောင်းသားများ ၊ NLD ပါတီဝင်များနှင့် အခြားသော နိုင်ငံရေးပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ဆရာ့၏ နာမည်ကျော်ကဗျာဖြစ်သော “ကျောင်းဖွင့်ချိန်” ကဗျာနှင့် ဈာပနအခမ်းအနားတွင် ရွတ်ဆို သွားခဲ့သည့် “ ကြယ်ကြွေ သတို့သား”ကဗျာ (၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် ရွတ်သည်) တို့အားဝေငှခဲ့သည် ။
ဆရာတာရာမင်းဝေသည် ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၀ တွင်ထိန်းသိမ်းခံရကာ ၁၉၉၄ တွင်ပြန်လည်လွတ်မြောက်ခဲ့ သည် ။
သူ၏ အကျော်ကြားဆုံးဝတ္ထုဖြစ်သော “ပန်းခေတ်ကလမင်း”သည် ထောင်နန်းထဲတွင် ရေးသားခဲ့ခြင်း ဖြစ် သည် ။
သူ၏ တစ်နှစ်ပြည့်ပွဲလေးသို့ ဇနီးဖြစ်သူ စာရေးဆရာမ “မနော်ဟရီ”နှင့်သားဖြစ်သူ မောင်ခေတ်နေတို့ တက် ရောက်လိမ့်မည် မဟုတ်ကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။
ဆရာတာရာမင်းဝေ၏ တစ်နှစ်ပြည့်သို့ သူရဲဘောကြောင်သော ဂျာနယ်လစ်များ(တချို့နှင့်တော်တော်များများ) မတက်ရောက်ခဲ့သကဲ့သို့ သူနေ ထိုင်ရာ ပီမိုးနင်းလမ်းထိပ်တွင် အက်စ်ပီ ၊ စ.ရ.ဖ နှင့် ထောက်လှမ်းရေးများစွာ စောင့်ကြည့် အကဲခတ်လျှက်ရှိသည်ကိုတွေ့ရသည်။

===================================================================

http://www.mysuboo.com/index.php?option=com_content&task=view&id=87&Itemid=17

မှ ကူးယူဖော်ပြသည်။

===================================================================

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s