မင်းမနိုင်။ အလွတ်တန်းသတင်းထောက်။ ရန်ကုန်
(၂၀၁၀၊ ဇွန်လ ၁၅ )
ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT Park အဆောင် (၁ ) မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။ အဆောင် (၁) ရှိ Net Info အရှေ့ရှိ စတိုခန်း မီးလောင်ကျွမ်းခဲ့တာဖြစ်သည်။ အဆိုပါ စတိုခန်းသည် Melody World ရိုက်ကူးရေးမှာ အသုံးပြုတဲ့ ပစ္စည်းများ စုပုံသိမ်းစည်းတဲ့ စတိုခန်းဖြစ်ပြီး ရိုက်ကူးရေးသုံး ဆိုင်းပုဒ်များနဲ့ တခြားဆပ်စပ်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။
`မှန်ပြုတွင်းပေါက်တွေက မှန်အချပ် ၂၀ လောက်ကိုတော့ မီးငြိမ်းသပ်ရေး ဖေါ်မြူတာအရ ရိုက်ခွဲပစ်လိုက်ရတယ်။ မျက်နှာကျက်တွေလည်းလောင်သွားတယ်။ ပြန်ပြုပြင်မယ်ဆိုရင်တော့ ကာလပေါက်ဈေးအရ ကျပ်သိန်း ၅၀ ဖိုးလောက်တော့ ရှိလိမ့်မယ်´ မျက်မြင်တစ်ဦးက ပြောသည်။
မီးစတင်လောင်ကျွမ်းပြီး သိပ်မကြာခင် နံနက် ၈ နာရီ ၄၅ မိနစ်မှာ မီးသတ်ကား ၅ စီးလာရောက် မီးငြိမ်းသတ်ပြီး နာရီပိုင်းအတွင်း ငြိမ်းသက်ခဲ့ပြီး အခြားသို့ ကူးဆက်လောင်ကျွမ်းမှု မရှိဟု သိရသည်။

